နွားထိုးကြီးမြို့တွင်ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက်မြို့ဝင်/ထွက်ဂိတ်တွင်ကျန်းမာရေးစစ်ဆေးမှုများအရှိန်အဟုန်မြှင့်ဆောင်ရွက်

နွားထိုးကြီး၊  စက်တင်ဘာ  ၁၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှင့်ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ယနေ့နံနက်ပိုင်းကမြို့ဝင်/ထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှု များအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်သို့ ဖြတ်သန်းသွားလာသည့် ကားများ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များနှင့် လမ်းသွားလမ်း လာပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကိုယ်အပူချိန်များတိုင်းတာခြင်း၊ နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်း ရှိ၊မရှိ စစ်ဆေးခြင်းနှင့် ခရီးသွားပြည်သူများအား ခရီးသွားရာဇဝင်များ မှတ်တမ်းယူခြင်းစသည့် လုပ်ငန်း များ ကိုဆောင်ရွက်ကြသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအဖွဲ့ အစည်းများဖြင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

နိုင်လင်း(ပြန်/ဆက်)