သတင်းများ

လင်းခေးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များအား Hand Held Mega Phone များဖြင့် လိုက်လံနှိုးဆော်
Sep 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ရှမ်းပြည်နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ကာကွယ်ရေးအတွက် ပေးအပ်လာသော အပူချိန်တိုင်း ကိရိယာနှင့် Hand Held Mega Phone များအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသ‌ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော် က လင်းခေး မြို့ပေါ် ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၁)အုပ်စု စာရေးဝန်ထမ်းများအား‌ ပေးအပ်ပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များအား ယမန်‌‌နေ့နံနက်ပိုင်း က စတင်၍လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူအခြေပြု ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေး  အဖွဲ့ အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်
Sep 18,2020
ကယားပြည်နယ်တွင် ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ဘောလခဲ မြို့နယ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူအခြေပြု ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အတွက် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခြင်းကိုယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန အစည်းအ‌‌ ဝေးခန်းမ၌ ကျင်းပသည်။
လင်းခေးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအတွက် နိုင်ငံတော်အစိုးရက (တတိယ)အကြိမ်ထောက်ပံ့ပေးအပ် သည့်ငွေအား ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်
Sep 18,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများထံ (တတိယ)အကြိမ် ထောက်ပံ့ငွေထုတ်ပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက လင်းခေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ဌာနဆိုင်ရာရုံး၊ စာသင်ကျောင်း၊ ရပ်ကွက်/ကျေးရွာများသို့ အားကစားပစ္စည်းများပေးအပ် လှူဒါန်း
Sep 18,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ပြည်သူများ အားကစားကိုပိုမိုစိတ်ပါဝင်စားလာစေရန်၊ ပြည်သူများနေ့စဉ်ပုံမှန် အားကစား လေ့ကျင့်ခန်းများပြုလုပ်နိုင်စေရန်နှင့် အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင် လာစေရန် ရည်ရွယ်၍ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ၊စာသင်ကျောင်းများ ၊ရပ်ကွက်/ ကျေးရွာများသို့ ဩဂုတ်လမှစ၍ ယနေ့ထိ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း လျက်ရှိသည်။
တောင်ကြီးမြို့၌ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် တောင်ကြီးခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန် က တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦး၀င်းရွှေနှင့် ဌာနဆိုင်ရာရွေးကောက်ပွဲ ဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့၀င်များ တက်ရောက်ခဲ့ကြသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ခမောက်ကြီးမြို့အမှတ်(၁)ရပ်ကွက်မြေနိမ့်ပိုင်းနှင့်ကော့သောင်း-ဘုတ်ပြင်းကားလမ်းမပေါ် ရေများဝင်ရောက်
Sep 18,2020
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့၊ ကော့သောင်း-ဘုတ်ပြင်းအဝေးပြေးကားလမ်းမကြီး မိုင်တိုင် အမှတ်၂၃၇နှင့် ၂၃၈အကြားတွင် လမ်းရေကျော်မှုဖြစ်ပွားပြီး အမှတ်(၁)ရပ်ကွက်မြေနိမ့်ပိုင်းတွင် ယနေ့နံနက်ပိုင်းမှစ၍ ရေများ စတင်ဝင်ရောက်နေကြောင်းသိရသည်။
နမ္မတူမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၇၀၃)စုအတွက် နိုင်ငံတော်မှ စတုတ္ထအကြိမ် ထောက်ပံ့ငွေကျပ် သိန်း (၃၄၀)ကျော်ထောက်ပံ့ပေးအပ်
Sep 18,2020
နမ္မတူမြို့နယ် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၇၀၃)စုအတွက် နိုင်ငံတော်မှ စတုတ္ထအကြိမ် ထောက်ပံ့ငွေကျပ်သိန်း (၃၄၀) ကျော် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ပါသည်။
ကော့ကရိတ်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများဆက်လက်ပေးအပ်
Sep 18,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် နိုင်ငံတော်အစိုးရမှထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးဆန်းနုက ယမန်နေ့ နေ့လယ် (၁၂) နာရီတွင် ကျန်ရှိနေသော ကျေးရွာအုပ်စုရှိ အိမ်ထောင်စုဝင်များအား ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။