သတင်းများ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွား သင်တန်းဖွင့်လှစ်
Sep 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
သုဝဏ္ဏမြက်ခင်းတု အားကစားကွင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် ကိုဗစ်-၁၉ ယာယီကုသဆေးရုံအတွက် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိစေရန် (200)KVA ထရန်စဖော်မာ (၂)လုံးအား ထပ်မံတပ်ဆင်
Sep 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအမျိုးသားဘောလုံး အကယ်ဒမီ(ရန်ကုန်)မြက်ခင်းတုကွင်းတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ယာယီ ကုသဆေးရုံ တည်ဆောက်လျက်ရှိသည်။
Quarantine Centre (သင်္ဃန်းကျွန်းပညာရေးကောလိပ်) စားသောက် ကုန်ကျစရိတ်များ အတွက် အလှူငွေ များလာရောက်လှူဒါန်း
Sep 18,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊သင်္ဃန်းကျွန်းမြို့နယ်တွင် သုဝဏ္ဏဗဟို ဆောက်လုပ်ရေး သင်တန်းကျောင်းတွင် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနက
မိုးမောက်မြို့နယ်၌ Facility Quarantine တွင် ထားရှိသူများ၏ နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ် နမူနာများ ပို့ဆောင်စစ်ဆေး
Sep 18,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်သို့ ပြည်နယ်ကျော် ပြင်ပမှပြန်လည် ရောက်ရှိလာသူ များအား ကျန်းမာရေးဌာနမှ Swab နမူနာများရယူပြီး မြစ်ကြီးနား မှတစ်ဆင့် ရန်ကုန်ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေး လျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ အသက် ၁၅ နှစ်အောက် ကလေးငယ်များကို ဆုံဆို့နာကာကွယ်ဆေးအပါအဝင် အမီလိုက်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Sep 18,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အသက် ၁၅ နှစ်အောက် ကလေးငယ်များအား ဆုံဆို့ နာကာကွယ်ဆေးအပါအဝင် အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲ က အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့သစ်ဘုန်းတော်ကြီးကျောင်းတို့၌ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) အချိန်ခန့် က မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယ အကြိမ် ထောက်ပံ့ငွေများပေးအပ်
Sep 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော် အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် တတိယအကြိမ်
ရေဦးမြို့နယ်မှ ဒုတိယအသုတ် စောင့်ကြည့်စင်တာ ၀င်ရောက်သူ ၆၇ ဦးအား ဓာတ်ခွဲစစ်ဆေး နိုင်ရန်( Swab ) ရယူ
Sep 18,2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၊ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ ပိုးတွေ့သည့် နေရပ်ဒေသများမှ ပြန်လာသူများကို ခရီးသွားရာ ဇ၀င်မှတ်တမ်းများဖြင့် စိစစ်ကာ Community Base Facility Quarantine Centre တွင်ထားရှိ စောင့်ကြည့်လျက်ရှိပါသည်။