သတင်းများ

ရွာငံမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း ၌ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အခန်း(၆)ခန်းခွဲ၍ ယနေ့ နံနက်(၉)နာရီ ခွဲ က ဖွင့် လှစ်ပို့ချခဲ့ကြောင်း သိရသည်။
လပွတ္တာ၌ ခရိုင်အဆင့် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 18,2020
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်/ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေး အသိပညာပေး လုပ်ငန်းများနှင့် မြို့နယ်အတွင်း ဆောက်ရွက် လျက်ရှိသည့် လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်တွင် လပွတ္တာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
လင်းခေးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များအား Hand Held Mega Phone များဖြင့် လိုက်လံနှိုးဆော်
Sep 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ရှမ်းပြည်နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ကာကွယ်ရေးအတွက် ပေးအပ်လာသော အပူချိန်တိုင်း ကိရိယာနှင့် Hand Held Mega Phone များအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသ‌ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော် က လင်းခေး မြို့ပေါ် ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၁)အုပ်စု စာရေးဝန်ထမ်းများအား‌ ပေးအပ်ပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များအား ယမန်‌‌နေ့နံနက်ပိုင်း က စတင်၍လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူအခြေပြု ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေး  အဖွဲ့ အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်
Sep 18,2020
ကယားပြည်နယ်တွင် ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ဘောလခဲ မြို့နယ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူအခြေပြု ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အတွက် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခြင်းကိုယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန အစည်းအ‌‌ ဝေးခန်းမ၌ ကျင်းပသည်။
လင်းခေးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအတွက် နိုင်ငံတော်အစိုးရက (တတိယ)အကြိမ်ထောက်ပံ့ပေးအပ် သည့်ငွေအား ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်
Sep 18,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများထံ (တတိယ)အကြိမ် ထောက်ပံ့ငွေထုတ်ပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက လင်းခေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ဌာနဆိုင်ရာရုံး၊ စာသင်ကျောင်း၊ ရပ်ကွက်/ကျေးရွာများသို့ အားကစားပစ္စည်းများပေးအပ် လှူဒါန်း
Sep 18,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ပြည်သူများ အားကစားကိုပိုမိုစိတ်ပါဝင်စားလာစေရန်၊ ပြည်သူများနေ့စဉ်ပုံမှန် အားကစား လေ့ကျင့်ခန်းများပြုလုပ်နိုင်စေရန်နှင့် အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင် လာစေရန် ရည်ရွယ်၍ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ၊စာသင်ကျောင်းများ ၊ရပ်ကွက်/ ကျေးရွာများသို့ ဩဂုတ်လမှစ၍ ယနေ့ထိ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း လျက်ရှိသည်။
တောင်ကြီးမြို့၌ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် တောင်ကြီးခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန် က တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦး၀င်းရွှေနှင့် ဌာနဆိုင်ရာရွေးကောက်ပွဲ ဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့၀င်များ တက်ရောက်ခဲ့ကြသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ခမောက်ကြီးမြို့အမှတ်(၁)ရပ်ကွက်မြေနိမ့်ပိုင်းနှင့်ကော့သောင်း-ဘုတ်ပြင်းကားလမ်းမပေါ် ရေများဝင်ရောက်
Sep 18,2020
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့၊ ကော့သောင်း-ဘုတ်ပြင်းအဝေးပြေးကားလမ်းမကြီး မိုင်တိုင် အမှတ်၂၃၇နှင့် ၂၃၈အကြားတွင် လမ်းရေကျော်မှုဖြစ်ပွားပြီး အမှတ်(၁)ရပ်ကွက်မြေနိမ့်ပိုင်းတွင် ယနေ့နံနက်ပိုင်းမှစ၍ ရေများ စတင်ဝင်ရောက်နေကြောင်းသိရသည်။