သတင်းများ

ကျိုက်မရောမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ( ၂/၂၀၂၀) ကျင်းပ
Sep 19,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တွင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၀)ကို ယမန်နေ့လယ် ၂ နာရီက ကျိုက်မရောမြို့ အတ္တရံ ခန်းမ၌ ကျင်းပခဲ့သည်။
ဟုမ္မလင်းမြို့ပေါ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အသုပ်စုံဆိုင်များတွင် Take-away ပါဆယ်စနစ်ဖြင့် ရောင်းချကြရန် အသိပေးနှိုးဆော်
Sep 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် အတွင်းရှိ လူကြီးမင်းတို့၏ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အသုပ်စုံဆိုင်များကို
မင်းလှမြို့နယ်တွင် ဆီဘောက်ဆာယာဉ်တစ်စီး လမ်းချော်မှုဖြစ်ပြီး တိမ်းမှောက်မှုဖြစ်ပွား
Sep 19,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ညောင်ပင်သာ ကျေးရွာအနီးမင်းလှ-မင်းဘူးသွားကားလမ်းတွင် ယမန်နေ့ နေ့လယ် ၁ နာရီခန့်က ဆီဘောက်ဆာယာဉ် တစ်စီး လမ်းချော်မှုဖြစ်ပြီး တိမ်းမှောက်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်းစုံ အားကစားကွင်းများ အားကစားရုံများ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်နိုင်မှုပြိုင်ပွဲများနှင့် Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲများ ကျင်းပမည်
Sep 19,2020
၂၀၂၀-ပြည့်နှစ် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ် အားကစားတာဝန်ခံများ အနေဖြင့် မိမိတို့၏ အားကစားကွင်းများ၊ အားကစားရုံများ သန့်ရှင်းသာယာ စိမ်းလန်းစိုပြည်စေရန်
ကန့်ဘလူမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်
Sep 19,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို လက်ရောက် ပေးအပ်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ကျင်းပကြောင်း သိရသည်။
ဝက်လက်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၅၁၇၆၅) စုထံ ထောက်ပံ့ငွေပေးအပ်
Sep 19,2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများကို ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များထံ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွာသာကြီးစခန်းနှင့် စိုင်နိုင်စခန်းများကို လည်းကောင်း၊ မွန်းလွဲ ၂ နာရီက မြို့မစခန်းနှင့် လှတောစခန်းများသို့ လည်းကောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 19,2020
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ လုပ်ငန်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပုလောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်ထောင်စုလမ်းမကြီးနှင့် လယ်တစ်ချို့ ရေနစ်မြုပ်မှုဖြစ်ပွား
Sep 19,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် - မြိတ်- ကော့သောင်း ပြည်ထောင်စုလမ်းမပေါ်ရှိ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ၆၉၁ ကီလိုမီတာမှ ၆၉၃ ကီလိုမီတာအကြားရှိ တိုကျေးရွာ၊ ကဒဲကျေးရွာမှ ပဝတ်ကုန်း ကျေးရွာအထိ ယနေ့နံနက်ပိုင်းက နို(လ်)(NOUL)မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး ပြည်ထောင်စု လမ်းမကြီးနှင့် လယ်ယာတစ်ချို့ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။