သတင်းများ

ချင်းရွှေဟော်မြို့မှနေရပ်ပြန်ပြည်သူ(၃၈)ဉီးအားသက်ဆိုင်ရာဒေသများသို့ထပ်မံလွှဲပြောင်းပို့ဆောင်
Sep 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဉက္ကဌ မြို့အုပ်ချုပ်ရေ:မှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင် ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ စက်တင်ဘာလ ၁၇ ရက်နေ့၊ညနေ(၆)နာရီအချိန်က(၂၄)ဉီး နှင့် ယနေ့ညနေ(၄)နာရီခွဲအချိန်က(၁၄)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၃၈)ဉီးတို့အား ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး စစ်ဆေးဆောင်ရွက်နေသည့် ပူးပေါင်း စစ်ဆေးရေးဂိတ်အတွက် လက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းများထောက်ပံ့
Sep 18,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို နေ့/ည စစ်ဆေးဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ လက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကေ်မတီမှ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Sep 18,2020
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသည် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ပြန်/ဆက် ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ တားဆီး၊ကာကွယ်၊ထိန်းချုပ်ရေးနှင့် မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေ ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း များကို ယမန်နေ့ ညနေပိုင်းက စတင်ကာ မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လိုက်လံ နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
တနိုင်းမြို့နယ်၌ ပြည်ပနှင့်ပြည်တွင်းရှိ အခြားမြို့နယ်များမှ ပြန်လာသူများ၏ ဓာတ်ခွဲနမူနာများ ရယူကာ သီးသန့်စောင့်ကြည့်နေရာများတွင် ကန့်သတ်ထားရှိ
Sep 18,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ပြည်ပနှင့် ပြည်တွင်းရှိ အခြားမြို့နယ်များမှ နေရပ်သို့ပြန်လည်ရောက်ရှိလာသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရန် အတွက် မြို့နယ်မနောကွင်းအတွင်းရှိ ခန်းမ၌ (၂၁)ရက်ကန့်သတ်ထားရှိလျက်ရှိရာ
ကျောက်ကြီးမြို့နယ်၌ နေရပ်ပြန်(၅)ဦးအား Facility Quarantine ဖြင့် သီးသန့်နေထိုင်စောင့်ကြည့်
Sep 18,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ညောင်ပင်သာကျေးရွာမှ(၂)ဦး၊ သောင်လယ် ကျေးရွာအုပ်စုမှ (၂)ဦး၊ မုန်အုပ်စုတုံးတောကျေးရွာမှှ(၁)ဦး၊ စုစုပေါင်း နေရပ်ပြန်(၅) ဦးတို့သည် ထိုင်းနိုင်ငံရှိစက်ရုံများ၊ စားသောက်ဆိုင်များ၊ ခြံလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများတွင် သွားရောက် လုပ်ကိုင်ခဲ့ပြီး မိမိတို့နေရပ်သို့ ပြန်လာရာ ယမန်နေ့ ညနေ(၄) နာရီတွင် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များက ပဲနွယ်ကုန်းမြို့တွင် သွားရောက်ခေါ်ဆောင်ခဲ့သည်။
မြန်အောင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးမှုအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများပေးအပ်
Sep 18,2020
မြန်အောင်မြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်ကြောင့် သီးနှံများပျက်စီးမှုအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ Quarantine centre များသို့ လာရောက်လှူဒါန်းသော ပစ္စည်းများလက်ခံခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်
Sep 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ Quarantine cetre များတွင် လိုအပ်သော ငွေသား၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ လာရောက်လှူဒါန်းပေး ကြသော မြို့နယ်အတွင်းရှိ စေတနာရှင်များအား ယမန်နေ့ မွန်းလွဲပိုင်းမှ စတင်၍ အလှူပစ္စည်းလက်ခံ ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခြင်းများ ပြုလုပ်ဆောင်ရွက်နေကြောင်း သိရသည်။
သာစည်မြို့နယ်အတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများ လူမှုရေးပင်စင် ထောက်ပံ့ငွေများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေများပေးအပ်
Sep 18,2020
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများ၊ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် စတုတ္ထအကြိမ်လူမှုရေး ပင်စင် ထောက်ပံ့ငွေများ နှင့် မသန်စွမ်းသူများအားထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ကြောင်းသိရသည်။