သတင်းများ

ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်း
Sep 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ  များပြားလာလျက်ရှိပြီး ဒေသခံပြည်သူများ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများကို ယနေ့မွန်းလွဲ ၃ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပူတာအိုခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း စည်းဝေး
Sep 19,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျေးသီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်းများအား “ယခုဝယ် ယခုတပ်စနစ်” ဖြင့် အသိပညာပေးခြင်း ဆောင်ရွက်
Sep 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့၌ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက ပြည်သူ့ဆေးရုံ ရှေ့ အခြေခံပညာ အထက်တန်းကျောင်းရှေ့နှင့် လမ်းဆုံများတွင် ရှောင်တခင်စစ်ဆေးခဲ့သည်။
မိုင်းရှူးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀,၀၀၀)နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Sep 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် အတွင်းပုံမှန်ဝင်ငွေမရှိသော ပြည်သူများအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ငွေများကို စက်တင်ဘာ ၁၈ ရက်နေ့မှစ၍ ရပ်ကွက်/ကျေးရွာအလိုက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Sep 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသည် ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ လိုက်လံနှိုးဆော်ဆောင်ရွက်လျက်ရှိသည်။
မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း Community Base Facility Quarantine Centre သို့ စားသောက်ကုန်ကျစရိတ်အတွက် အလှူငွေများ လာရောက်လှူဒါန်း
Sep 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် မြို့နယ်အတွင်း ရောဂါကူးစက်ပျံ့နှံမှုများ မရှိစေရေးအတွက် ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း Community Base Facility Quarantine Centre တွင် မြို့နယ်အတွင်းရှိ စောင့်ကြည့်လူနာများအား သီးခြားနေထိုင် စောင့်ကြည့်မှုများ ဆောင်ရွက်ထားရှိပြီး Quarantine ဝင်ရောက်နေသူနှင့် ကူညီဆောင်ရွက်ပေးသူ စေတနာ့ဝန်ထမ်းများအတွက် စားသောက်ကုန်ကျစရိတ်များကို ယမန်နေ့ မွန်းလွဲ ၃ နာရီ၌ အဆိုပါ စင်တာသို့ အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြသည်။