ရေး စက်တင်ဘာ ၂၀
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယမန်နေ့ ညအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ဇီးဖြူသောင် ကျေးရွာနှင့် အံဒင်ကျေးရွာ အုပ်စု ဓမင်းဆိပ်(ရွာသစ်)တို့တွင် လူနေအိမ်နှင့် ငါးလှန်းကြပ်စင်များ ပြိုကျခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဇီးဖြူသောင်ကျေးရွာတွင် ဝါး၊ ဓနိဖြင့် ဆောက်လုပ် ထားသည့် လူနေအိမ် (၁၁)လုံး ပြိုကျ၊ အိမ် (၆)လုံး ယိုင်နဲ့ခြင်းနှင့် အိမ်(၁)လုံးမှာ သစ်ပင်ပိခြင်းနှင့် ပင်လယ်ရေလှိုင်းကြောင့် ပင်လယ်ရေ မျက်နှာပြင်မြင့်တက်ပြီး ကျေးရွာအတွင်း ပင်လယ်ရေများ ဝင်ရောက်လျက်ရှိပြီး လယ်ကွင်းများ၌ တားတံမံ ကျိုးပေါက်ခြင်းများ ဖြစ်ပွားခဲ့သည်။
အလားတူ အံဒင်ကျေးရွာအုပ်စု ဓမင်းဆိပ်(ရွာသစ်)တွင်လည်း လူနေအိမ် (၄)လုံးနှင့် ငါးလှန်း ကြပ်စင်(၂၃)ခု ပြိုကျပျက်စီးခဲ့ ကြောင်း သိရှိရသည်။
ခင်သိမ့်သိမ့်ရည်