မောက်မယ်မြို့၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်

မောက်မယ်         စက်တင်ဘာ ၂၀

ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ၊ အောက်တိုဘာလ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်း ဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ မြောက်ဘက် ကံ့ကော်လမ်း၌ ယမန်နေ့နံနက် နာရီအချိန် က ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးကြည်က ဦးဆောင်၍  တပ်ဖွဲ့ဝင် (၂၀) ဦးနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့၀င်များက ပြည်သူ့ဆေးရုံသန့်ရှင်း သာယာရေးအတွက် သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း တို့ကို  ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းကမ်း ချက်များနှင့်အညီ စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း သတင်း ရရှိသည်။

 

စိုင်းမျိုးသန့်