လွိုင်လင်မြို့နယ်တွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

လွိုင်လင်     စက်တင်ဘာ   ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင့်ဇော်ဦး ဦးဆောင်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သော ပေါင်းမြက်/အမှိုက်များအား ရှင်းလင်းခြင်း၊ သစ်ပင်/ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းပေးခြင်း တို့အား စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် ၇ နာရီအချိန် က ကုတင်(၂၀၀)ဆန့် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း တပ်ဖွဲ့ဝင်များမှပူးပေါင်းကာ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။  

ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ရာတွင်  ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲမှူး မိုးကျော်ဟိန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ စခန်းမှူးဒုရဲမှူး သန်းဖေ ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ် တင်အောင်မိုး ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးမှူး ဦးမင်းမင်းဌေး ဦးဆောင်သော တပ်ဖွဲ့ဝင်များတို့က စုပေါင်းကာ လုပ်အားပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းသန့်(ပြန်/ဆက်)