သန်လျင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အလှူရှင်များက ကျပ်သိန်း(၁၂၀)ပေးအပ် လှူဒါန်း

သန်လျင် စက်တင်ဘာ ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ဓမ္မစက္ကပဝတ္တနကာရီ ကိုဗစ်-၁၉ အထောက်အကူပြုအဖွဲ့က အလှူငွေနှင့် အထောက် အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် သန်လျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစီအစဉ်အရ သန်လျင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကို ထွန်းက မြို့နယ်အတွင်း ကာကွယ်ရေး၊ ကုသရေး၊ ရောဂါပျံနှံ့မှုမရှိစေရေး အရှိန်မြှင့် ဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဓမ္မစက္ကပဝတ္တနကာရီ ကိုဗစ်-၁၉ အထောက် အကူပြု အဖွဲ့ခေါင်းဆောင် ဦးဌေးမိုးက လှူဒါန်းရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။

ထိုနောက် မြို့နယ်ကိုဗစ်ကော်မတီ၊ ပြည်သူ့ကျန်းမာရေး၊ ကုသရေးနှင့်ကြက်ခြေနီအသင်းတို့အတွက် ကျပ်သိန်း ၂၀ စီ၊ သန်လျင် လူမှုကွန်ယက်နှင့် Together Thanlyin အဖွဲ့သို့ ကျပ် ၁၅ သိန်းစီ၊ အထောက်အကူပြု ဆေးဝါးနှင့်ကာကွယ်ရေးပစ္စည်းများအတွက် ကျပ် ၁၀ သိန်း၊ စုစုပေါင်း ကျပ်သိန်း (၁၂၀)ကို အလှုရှင်များက ပေးအပ်လှုဒါန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူ ကြသည်။

သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုပိုးတွေ့လူနာ ၅၇ ဦးရှိပြီး နှစ်ဦးသေဆုံးခဲ့သဖြင့် ကာကွယ်ရေး၊ ကုသရေး၊ ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး ပူးပေါင်းအဖွဲ့များဖြင့် အရှိန်မြှင့်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)