သတင်းများ

သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show Online တင်ဆက်မှု အစီအစဉ်ဆောင်ရွက်
Sep 24,2020
သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်တစ်ရပ်ကို အွန်လိုင်း လွှင့်တင် အသိပညာပေးနိုင်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့သောင်း ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲ၁နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာတွင် ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောင်မြို့တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်းအား မြို့နယ် အရည်အသွေး စစ်ဆေးရေးကော်မတီမှ စစ်ဆေး
Sep 24,2020
စစ်ကိုင်းတိုင်းဒေကြီး၊ မြောင်မြို့တွင် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် မြောင်သီရိ အားကစားကွင်း မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီမှ ယမန်နေ့ နံနက် (၁၀) နာရီက အဆောက်အဦ တည်ဆောက်နေခြင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် အရှိန်အဟုန်မြှင့်၍ ဌာနဆိုင် ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက မန်ကတ်ကျေးရွာသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များက စုပေါင်းသွေးလှူဒါန်း
Sep 24,2020
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်၌ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ခင်ကျော် ဦးဆောင်ကြီး ကြပ်၍ တပ်ဖွဲ့ဝင်များက စုပေါင်း သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
အင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်
Sep 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ် နိုင်ရန် အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၆ နာရီခန့်ကစတင်၍ မြို့ပေါ်(၆)ရပ်ကွက်၌ လှည့်လည်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့နယ် ကြက်လွှတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သာသနာရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်း
Sep 24,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သာသနာရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကြက်လွှတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် မိုးလယ်မိုးရွာသွန်းမှုကြောင့် ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေ
Sep 24,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ကြဲပက်စိုက်ပျိုး ထားသည့် ပဲစင်းငုံစိုက်ခင်းများ မိုးလယ်မိုးရွာသွန်းလာခြင်းကြောင့် ပဲစင်ငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလာနေကြောင်း တက်မကျေးရွာ ဦးမောင်ဌေးက ပြောကြားသည်။
ကလိန်အောင်မြို့၌ အသက် (၈၅) နှစ်နှင့်အထက် အဖိုး၊ အဖွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Sep 24,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် အဖိုး၊ အဖွားများအား ထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက် (၉) နာရီခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ဇင်းဘာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။