တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

တန့်ယန်း  စက်တင်ဘာ  ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် အရှိန်အဟုန်မြှင့်၍ ဌာနဆိုင် ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက မန်ကတ်ကျေးရွာသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက  ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းကျော်နှင့် ဝန်ထမ်းများသည် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းကာ မန်ကတ်ကျေးရွာ စစ်ဆေးရေး ဂိတ်တွင် နှာခေါင်းစည်း (၂၀၀)အား အခမဲ့ ဖြန့်ဝေပေးကာ ကျေးရွာခန်းမတွင် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အသိပညာများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)