ထားဝယ်၊ စက်တင်ဘာ ၂၄
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်၌ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ခင်ကျော် ဦးဆောင်ကြီး ကြပ်၍ တပ်ဖွဲ့ဝင်များက စုပေါင်း သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုနောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲနှင့် ကမ္ဘာလှည့်ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့စု တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းနှင့် မိသားစုဝင်များအား သွေးလှူဘဏ်တာဝန်ခံ ဒေါက်တာ စန်းစန်းဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပေးခဲ့ပြီး တပ်ဖွဲ့ဝင်(၂၁)ဦး၊ စာရေးဝန်ထမ်း(၃)ဦးနှင့် မိသားစုဝင်(၃)ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ သွေးလှူဒါန်းသော တပ်ဖွဲ့ဝင်၊ စာရေးဝန်ထမ်းနှင့် မိသားစုဝင်များအား တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ခင်ကျော်နှင့်ဇနီး၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးကြီးကြည်စိုးနှင့် ဇနီးတို့က ကြက်ဥ နှင့် အာဟာရဖြည့်အစားအစာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)