ထားဝယ်၊ စက်တင်ဘာ ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာနက တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ သာသနာရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကြက်လွှတ်ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျ၊ တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်နှင့် တာဝန်ရှိသူများက သာသနာရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကြက်လွှတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အလှူငွေကျပ်သိန်း (၂၀၀) ပေးအပ်ရာ အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်က လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေး အပ်ခဲ့သည်။
ထိုနောက် ကြက်လွှတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဦးက္ကုန္ဒာစာရထံမှ တက်ရောက်လာကြသူများက အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)