သတင်းများ

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်ထားသည့် အိမ်ထောင်စုများအား စားသောက်ကုန်များ လှူဒါန်း
Sep 24,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်​ရေးကာလအတွင်း ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားခဲ့သော အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ ညောင်ကျေးရွာ၊ စက်မှုဇုံရှော့ဟောက်၊ ရွှေလင်ပန်းကျေးရွာနှင့် ကျုံစုကျေးရွာအုပ်စုများရှိ အသွားအလာ ကန့်သတ်ထားသည့် အိမ်ထောင်စုများ စားဝတ်နေ​ရေး အဆင်ပြေစေရန်အတွက် လှိုင်သာယာမြို့နယ် အလှူရှင်များကိုယ်စား လှိုင်သာယာ မြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များရုံးအဖွဲ့တို့ သွားရောက်၍ ယမန်နေ့ မွန်းလွဲပိုင်းက စားသောက်ကုန်များ လှူဒါန်းပေးခဲ့ကြသည်။
ကျိုင်းတုံမြို့၌ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းဖြင့် ကျေးရွာအသေးစားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Sep 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်းဖြင့် အသေးစားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် (၁၀)နာရီက ကျိုင်းတုံမြို့နယ် ပန်ကြူ အုပ်စု၊ ဝင်းဘို ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာအား (ဆဌမအကြိမ်) မြစိမ်းရောင်စီမံကိန်းချေးငွေများ ထုတ်ချေးပေး
Sep 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက်ကွာဟမှု လျော့နည်းလာစေရေးအတွက် ရည်ရွယ်ပြီး
တံတားဦးမြို့နယ် ငါးဇင်ရိုင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် “ကျော်အောင်စံထား” စာကြည့်တိုက် အဆင့်မြှင်တင်ဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး
Sep 24,2020
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ငါးဇင်ရိုင်းကျေးရွာရှိ “ကျော်အောင်စံထား”စာကြည့်တိုက်ကို မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် အဆင့်မြှင်တင် ဆောက်လုပ်လျက် ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီး ကြောင်းသိရသည်။
ကလေးဝမြို့၌ အခြေခံလူတန်းစားအိမ်ထောင်စု ၂၈၁၁ စုအား ထောက်ပံ့ငွေပေးအပ်
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၂၈၁၁ စုအတွက် ထောက်ပံ့ငွေများကို ယမန်နေ့က ရပ်ကွက်/ကျေးရွာအုပ်စု များသို့ ကွင်းဆင်း၍ ထောက်ပံ့ပေးအပ် ခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် ဘာစမာတီနှင့် ပြည်တော်ရင်မျိုးစပါး စံကွက်ရိတ်သိမ်း
Sep 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာရှိ တောင်သူ ဦးနွဲ့ဆောင်၏ ဘာစမာတီနှင့် ပြည်တော်ရင်မျိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ လူနာ နှစ်ဦး စတင်တွေ့ရှိ
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ အသက် (၂၀) နှစ်နှင့် အသက် (၂၃) နှစ် လူနာအမျိုးသမီးနှစ်ဦးကို ယမန်နေ့က စတင် တွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစန်းယုကို ထံမှ သိရသည်။
သီပေါမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း)များအား ထောက်ပံ့ငွေများပေးအပ်
Sep 24,2020
သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်းများ)အား ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များ ကြိုးပမ်းဆောင်ရွက်နေမှုများကို အသိအမှတ်ပြုသည့် အနေဖြင့် နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်ခန့်က ပြုလုပ်ခဲ့သည်။