သတင်းများ

ကလိန်အောင်မြို့ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်
Sep 23,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီမှ စတင်ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၊ ဧကရာဇ်ကျေးရွာတွင် မျိုးမြေပဲစိုက်ပျိုးသူများ ဈေးကောင်းရရန် မျှော်လင့်
Sep 23,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဧကရာဇ်‌ကျေးရွာတွင် မျိုးမြေပဲ စိုက်ခင်းများ အောင်မြင်ထွန်း၍ အထွက်နှုန်း ကောင်းသော်လည်း ဈေးကောင်းရရန် မျှော်လင့်လျက်ရှိ‌ကြောင်းသိရသည်။
မေတ္တာမြို့၌ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များအား ကိုဗစ်−၁၉ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး
Sep 23,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များအား ကိုဗစ်−၁၉ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ရှောင်တခင်စစ်ဆေးခဲ့ကြသည်။
ဆီဆိုင်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Sep 23,2020
ကျေးလက်နေပြည်သူများ လူမူစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်အတွင်းရှိ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်
Sep 23,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်နေသော ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ် အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆီဆိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့သော ငွေကျပ် ၂ သောင်းအား ကျေးရွာအရောက် ကွင်းဆင်းထောက်ပံ့ပေး
Sep 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားသောက်ရေးအဆင်ပြေစေရေး အတွက် အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်မှ ငွေကျပ် ၂ သောင်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခန့် က နားခိုက်ကျေးရွာအုပ်စု၊ နားသံကျေးရွာအုပ်စုနှင့် ပုံးအင်းကျေးရွာအုပ်စုတို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများထံသို့ ကွင်းဆင်းထောက်ပံ့ ပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်တွင် ကိုဗစ်-၁၉ ကာလ အိမ်မှာနေရင်း အလုပ်ဖြစ်နေသည့် မြက်တံမြက်စည်းလုပ်ငန်း
Sep 23,2020
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အမှတ် (၄) ချမ်းသာကြီးရပ်ကွက်တွင် ကိုဗစ်-၁၉ ကာလ ကပ်ရောဂါများကြောင့် Stay home ဖြစ်၍ အပြင်ထွက် အလုပ်လုပ်စရာ မလိုဘဲ အိမ်မှာနေရင်း အလုပ်ဖြစ်နေသည့် မိသားစု တစ်ပိုင်တစ်နိုင်မြက် တံမြက်စည်း ပြုလုပ် ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း တံမြက်စည်း ပြုလုပ် ရောင်ချသည့် မိသားစုများထံမှ သိရသည်။
လားရှိုးမြို့အဝင် ခေးနင်းတိုးဂိတ်နှင့် မြို့ရှောင်လမ်းတိုးဂိတ်များ ဖြတ်သန်းခွင့်ပြုချိန်များ ပြောင်းလဲသတ်မှတ်
Sep 23,2020
ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီ (တောင်ကြီးမြို့)၏ ညွှန်ကြားချက်များအရ တာဝန်ရှိသူများ၊ လူနာများနှင့် ကုန်စည် စီးဆင်းမှု မပြတ်လတ်စေရေးအတွက် ကုန်တင်ယာဉ်များမှအပ ကျန်မော်တော်ယာဉ်များအား ည(၉)နာရီမှ နံနက်(၆)နာရီအထိ ဖြတ်သန်းခွင့်လုံးဝမပြုကြောင်း ယမန်နေ့ညနေ (၄)နာရီခွဲအချိန်က သိရှိရသည်။