မိုင်းဖြတ်၌ Facility Quarantine ထားရှိမည့်နေရာအား ကြည့်ရှုစစ်ဆေး
Sep 23,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းရွှေ၊ ဒေါက်တာကျော်မျိုးဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၁၀) နာရီအချိန်ခန့် က Facility Quarantine Centre အဖြစ် ထားရှိမည့် အထက(မိုင်းဖြတ်)နှင့် အထက(ဟိုနား) ကျောင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။