ကလိန်အောင်မြို့၌ အသက် (၈၅) နှစ်နှင့်အထက် အဖိုး၊ အဖွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ကလိန်အောင်၊ စက်တင်ဘာ ၂၄

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် အဖိုး၊ အဖွားများအား ထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက် (၉) နာရီခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ဇင်းဘာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ဇင်းဘာကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟန်စိုးနှင့်စာရေးဝန်ထမ်းတို့က ဇင်းဘာကျေးရွာအတွင်းရှိ အဖိုး၊ အဖွား (၂) ဦးတို့အား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ ကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)