သတင်းများ

စစ်ကိုင်းတက္ကသိုလ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Feb 12,2025
စစ်ကိုင်းခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
တောင်တွင်းကြီးမြို့နယ်၌ KG ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ် ကျောင်းတွင်း နေ့လယ်စာအာဟာရ ကျွေးမွေးခြင်းဆောင်ရွက်
Feb 12,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  KG ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ် ကျောင်းတွင်းနေ့လယ်စာ အာဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနကျောင်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Feb 12,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်၏လမ်းညွှန်မှုဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနစာသင်ကျောင်းများသို့ ယမန်နေ့နံနက်ပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
လူထုအခြေပြုဗဟိုဌာန(ကော့မှူး)၌‌ ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Feb 12,2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြို့ကုန်းကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ
Feb 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ အောက်ပိုင်းကျေးရွာတွင် (၇၈)နှစ်မြောက် ပြည်ထောင်စု့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့သည်။
မိုင်းဆတ်မြို့၌ ကျောင်းအခြေပြုမီးဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းဆောင်ရွက်
Feb 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းအခြေပြုမီးဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁)၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အိမ်မဲမြို့နယ် အ-လ-က(ခွဲ)လက်ပံကုန်းတွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းသိကောင်းစရာဟောပြောပွဲ ကျင်းပ
Feb 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာကုန်းကျေးရွာ အ-လ-က(ခွဲ)လက်ပံကုန်းကျောင်းတွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းသိကောင်းစရာဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင်က ဆောင်ရွက်ခဲ့သည်။
မြန်အောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရေနံမြေတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေနံမြေတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။