အိမ်မဲ ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ အောက်ပိုင်းကျေးရွာတွင် (၇၈)နှစ်မြောက် ပြည်ထောင်စု့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုနှင့် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးတို့က အဖွင့်အမှာစကားများနှင့် အကျိုးကျေးဇူးများကို အကျယ်တဝင့် အသီးသီးပြောကြားခဲ့သည်။
ဆက်လက်ပြီး မင်္ဂလာအချိန်ကျရောက်သည့်အခါ မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကို၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဝေယံစိုးတို့က အဆိုပါလမ်းသစ်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါကွန်ကရစ်လမ်းမှာ နိုင်ငံတော်မှထောက်ပံ့ငွေသိန်း(၁၅၀)ကျပ်၊ ပြည်သူထည့်ဝင်ငွေ သိန်း (၁၀၀)ကျပ် စုစုပေါင်း သိန်း (၂၅၀)ကျပ်ဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင်လ တတိယအပတ်မှစတင်ကာ သြဂုတ်လတွင် ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ လမ်းအရှည် (၉၇၅)ပေ၊ အကျယ် (၈)ပေ၊ ထု (၆)လက်မရှိပြီး၊ လမ်းပြီးစီးသွားခြင်းကြောင့် အဆိုပါကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာမှ ပြည်သူများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)