တောင်တွင်းကြီးမြို့နယ်၌ KG ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ် ကျောင်းတွင်း နေ့လယ်စာအာဟာရ ကျွေးမွေးခြင်းဆောင်ရွက်

တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  KG ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ် ကျောင်းတွင်းနေ့လယ်စာ အာဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောင်းတွင်းအာဟာရကျွေးမွေးရာသို့ တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ကျော်ဇင်ညွှန့်၊  မြို့နယ်ပညာရေးမှူးရုံး၊ ဒုတိယဦးစီးမှူး ဦးဇင်မင်းထက်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမြို့နယ်ကျောင်းကျန်းမာရေးကော်မတီဝင်များ၊ တာဝန်ရှိသူများက အခြေခံပညာကျောင်း (၂၅၃)ကျောင်းမှ  KG ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၁၈၃)ဦးတို့အား အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ ရေဓာတ်စသည့် အာဟာရဓာတ်များ ပြည့်စုံကြွယ်ဝသည့် နေ့လယ်စာအာဟာရ စနစ်တကျကျွေးမွေးနေမှုတို့ကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ ကျောင်းတွင်းနေ့လယ်စာ အာဟာရကျွေးမွေးခြင်းကို တောင်တွင်းကြီးမြို့နယ်အတွင် ပထမအကြိမ်အဖြစ် ဇန်နဝါရီလ ၂၈ ရက်နေ့၊ ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြုလုပ်ခဲ့ပြီး ယခုတတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

နောင်နောင်(ပြန်/ဆက်)