အိမ်မဲ ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာကုန်းကျေးရွာ အ-လ-က(ခွဲ)လက်ပံကုန်းကျောင်းတွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းသိကောင်းစရာဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင်က ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အိမ်မဲမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးသက်နိုင်အေးက အဖွင့်အမှာစကားများကိုပြောကြားခဲ့ပြီးအိမ်မဲမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ် စန်းယုရွှေ က ကြက်ခြေနီ အကြောင်း၊ အခြေခံမူများ၊ လူသားချင်းစာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ် ခြင်း၊ စေတနာဝန်ထမ်းအကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်း၊ ရှေးဦးပြုစုခြင်း နှင့်ရည်ရွယ်ချက်များကိုPower Pointဖြင့် အကျယ်တဝင့်ဟောပြောခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များက ရှေးဦးပြုစုခြင်း အကြောင်းကို လက်တွေ့ပြသပေးခဲ့ပြီး အခမ်းအနားသို့ အ-လ-က. (ခွဲ)လက်ပံကုန်း ကျောင်းမှဆရာ/မများ၊ ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့သည်။
အဆိုပါရှေးဦးပြုစုခြင်းအကြောင်းအရာများကို ဟောပြောပေးပြီး လက်တွေ့ပြသပေးခြင်း၏ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်ရှိ လူများဘေးဒုက္ခအမျိုးမျိုးကျရောက်ပါက ချက်ခြင်းတုံ့ပြန် ကယ်ဆယ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)