သတင်းများ

ခိုလမ်မြို့တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Feb 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် (၇၈) နှစ်မြောက် ပြည်‌ထောင်စု‌နေ့ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) ရပ်ကွက်၊ ရွှေစေတီဘုရားဝင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
ပင်လုံမြို့၌ (၁၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Feb 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် တည်ထားကိုးကွယ်အပ်သော မဟာရဌာဘိသာမဂ္ဂီစေတီတော်မြတ်ကြီး၏ (၁၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်(၉)နာရီ အချိန်က စတင်ကျင်းပခဲ့ပါသည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၇) ကြိမ်မြောက် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကျင်းပ
Feb 13,2025
၂၀၂၅ ခုနှစ်၊ ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း(၁၄)ရက် (အင်္ဂါနေ့) ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၇) ကြိမ်မြောက် မြန်မာ့ရိုးရာစုပေါင်း ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ (၁၁) ရက် မွန်းလွဲ (၂) နာရီအချိန်က တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်ကောင်စီ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အားကစားပြိုင်ပွဲများအား ကြည့်ရှုအားပေး
Feb 13,2025
၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်ကောင်စီ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အားကစားပြိုင်ပွဲနှင့် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ ထမနဲထိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံးဝင်းအတွင်းရှိ အားကစားကွင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
နမ့်စန်မြို့မစည်ပင်သာယာဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Feb 13,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပွင့်လင်းရာသီကာလရောက်ရှိပြီဖြစ်၍ မြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး ဒုတိယအကြိမ် ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက အမှတ်(၃)ရပ်ကွက်ရှိ အဆိုပါမြို့မစည်ပင်သာယာဈေးကြီးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ပင်းတယမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြင်းမူးကျေးရွာ “သုတစုံလင် ဂန္ဓဝင်” စာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 13,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မြင်းမူးကျေးရွာ “သုတစုံလင် ဂန္ဓဝင်”စာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် ၁၀ နာရီက မြင်းမူးကျေးရွာအုပ်စု၊ မြင်းမူးကျေးရွာရှိ အဆိုပါစာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၃)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား
Feb 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၄ မိနစ်အချိန်ခန့်က အမှတ်(၄၃)ရပ်ကွက်၊ စေတနာ(၄)လမ်း၊ အမှတ်(၅၀၅/က) ဦးသောင်းရွှေ၊ (၉၈)နှစ်၊ (ဘ)စိစစ်ဆဲနေအိမ်တွင် ထမင်းပေါင်းအိုးတည်ထားရာ ခလုတ်မတက်ဘဲချို့ယွင်းရာမှ မီးပလပ်ခုံအပူလွန်ကဲ၍ မီး‌လောင်ကျွမ်းမှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။
မိုင်းခုတ်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ
Feb 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတွင် ယမန်နေ့နံနက် ၈ နာရီ ၃၀ မိနစ် နာရီအချိန်က ဗိုလ်လုပွဲ ယှဥ်ပြိုင်ကစားကြပြီး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။