လူထုအခြေပြုဗဟိုဌာန(ကော့မှူး)၌‌ ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကော့မှူး ဖေဖော်ဝါရီ ၁၂

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်နှင့် မြို့နယ်စာရေးဆရာအသင်း(အတွင်းရေးမှူး) ဦးခင်ဇော်(ခင်ဇော်-ကော့မှူး)တို့က ပြောကြားရာတွင် ပြည်ထောင်စုနေ့သည် နယ်ချဲ့ဗြိတိသျှတို့၏သွေးခွဲအုပ်ချုပ်မှုကို တွန်းလှန်နိုင်ခဲ့သည့် သမိုင်းဖြစ်စဉ်ကြီးနှင့်တစ်ဆက်တစ်စပ်တည်းပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုအတွက် အရေးကြီးသည့်ဆောင်ရွက်ချက်ဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အခိုင်အမာဖော်ပြနိုင်ခဲ့သည့် ပြည်ထောင်စုနေ့သမိုင်းတစ်ရပ်ကြီး၏ ခိုင်မာမြဲမြံသော ပန္နက်တိုင်ကြီးလည်းဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ ခိုင်မြဲသောစည်းလုံးညီညွတ်မှုဖြင့်လွတ်လပ်သောနိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင်ဝင့်ထည်စွာရပ်တည်နိုင်မှုအား မေ့ပျောက်၍ရမရကြောင်း၊ ပြည်ထောင်စုကြီးကိုထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အားလုံးစည်းလုံးညီညွတ်စွာနေထိုင်ရန်လိုကြောင်းနှင့် ၂၀၂၅ ခုနှစ် (၇၈)နှစ်‌မြောက် ပြည်ထောင်စုနေ့အမျိုးရေးဦးတည်ချက်များနှင့်ပတ်သက်သောအကြောင်းအရာများအား အကျယ်တဝင့်ဟောပြောခဲ့ကြသည်။

ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကိုကျင်းပရာ မူလွန်(ပတုပ်) ကျောင်းမှ ကျောင်သား/ကျောင်းသူ(၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ/ရသစာအုပ်စာစောင်များနှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ်အသိပညာပေးနံရံကပ်စာစောင်များပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာလေ့လာနေကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)