တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်၏လမ်းညွှန်မှုဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနစာသင်ကျောင်းများသို့ ယမန်နေ့နံနက်ပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့မီးသတ်ဦးစီးဌာနမှ မီးသတ်စခန်းမှူးဦးသက်နိုင်ဦးနှင့် မီးသတ်တပ်ဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အ-ထ-က စာစစ်ဌာနကျောင်းနှင့် ဆတ်သွားစာစစ်ဌာနကျောင်းများသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့်တွေ့ဆုံကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သောစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြသည်။
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျန်ရှိသည့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနေကျောင်းများသို့ သွားရောက်၍ ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
နောင်နောင် (ဗိဿနိုးမြေ)