ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့များတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများ ကျင်းပ
Feb 12,2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများကို ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပဲခူးမြို့၊ ဒိုက်ဦးမြို့၊ ကဝမြို့၊ ကျောက်ကြီးမြို့၊ ကျောက်တံခါးမြို့၊ ကြို့ပင်ကောက်မြို့၊ လက်ပံတန်းမြို့၊ မင်းလှမြို့၊ မိုးညိုမြို့၊ နတ်တလင်းမြို့၊ ညောင်လေးပင်မြို့၊ အုတ်ဖို၊ အုတ်တွင်း၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ဖြူး၊ ပြည်၊ ရွှေတောင်၊ ရွှေကျင်၊ သနပ်ပင်၊ တောင်ငူ၊ သာယာဝတီ၊ သဲကုန်း၊ ဝေါ၊ ဇီးကုန်း အစရှိသည့်မြို့များတွင် ကျင်းပပြုလုပ်ကြရာ ခရိုင်/မြို့နယ်အလိုက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။