မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာကျင်းပ
Feb 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၄) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့ အမှတ်(၆)ရပ်ကွက်၊ စိန်ပန်းပတ်လမ်းရှိ သမ္မာသမ္ဗုဒ္ဓ မြို့ဦးစေတီတော်ဝန်းအတွင်း၌ ဖျော်ဖြေရေးအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများနှင့် ပြည်သူများတက်ရောက်ခဲ့ကြသည်။