သတင်းများ

ရွှေတောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်
Feb 11,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိတ်ဖက်ဌာနများနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက(တောင်လုံးညို) အခြေခံပညာမူလတန်းကျောင်းတို့၌ ပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်အမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်
Feb 11,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုအသိပညာပေး‌ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
အုတ်ဖိုမြို့တွင် ကလေးများနေ့အထိမ်းအမှတ်အကြိုအခမ်းအနားကျင်းပ
Feb 11,2025
ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ကလေးများနေ့ကိုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ကလေးများနေ့အခမ်းအနားကို ကျင်းပခဲ့သည်။
လှိုင်မြို့နယ် စိန်ဂေဟာကုန်တိုက်အတွင်း၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Feb 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် (၁၆) ရပ်ကွက် စိန်ဂေဟာကုန်တိုက်အတွင်း၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီက အဆိုပါ ကုန်တိုက်အတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၊ အမှတ်(၂)မူလတန်းကြိုကျောင်းရှိ မူကြိုကျောင်းသား/ သူများအား မြန်မာကလေးများနေ့အထိမ်းအမှတ် သင်ထောက်ကူ ပစ္စည်းများနှင့် ကလေးကစားစရာပစ္စည်းများ လှူဒါန်း
Feb 11,2025
ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ရောက်ရှိမည့် မြန်မာကလေးများနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့ လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ် (၂) မူလတန်းကြိုကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာဦးထံ ကျောင်းသုံးသင်ထောက်ကူပစ္စည်းများနှင့် မူကြိုကျောင်းသား/ ကျောင်းသူလေးများအား ကစားစရာလက်ဆောင်ပစ္စည်းပေးအပ်လှူဒါန်းခဲ့ကြသည်။
မြဝတီမြို့ အခြေခံပညာကျောင်းများ၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြော
Feb 11,2025
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းတို့၌ ဆောင်ရွက်သည်။
နတ်တလင်းမြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Feb 11,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် (၂)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ သီတဂူစက္ခုဒါနဆေးရုံတွင် (၁၀)ကြိမ်မြောက် အခမဲ့သီတဂူ မျက်စိအထူးကု အစီအစဉ်ဖြင့် မျက်စိဝေဒနာရှင်များအား ကုသပေး
Feb 11,2025
အဘိဓဇမဟာရဋ္ဌဂုရုသောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် သီတဂူမျက်စိ အထူးကုအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်( မြောက်ပိုင်း) မြို့နယ်၊ ဘေလီတံတားအဆင်းရှိ သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိဝေဒနာရှင်များကို ဖေဖော်ဝါရီ  ၁၀ ရက်နေ့ နေ့လယ်ပိုင်းမှစတင်၍ အခမဲ့စမ်းသပ်စစ်ဆေးခွဲစိတ်ကုသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။