မိုင်းခုတ် ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတွင် ယမန်နေ့နံနက် ၈ နာရီ ၃၀ မိနစ် နာရီအချိန်က ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြပြီး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ဖေဖော်ဝါရီ(၆)ရက်နေ့မှ ဖေဖော်ဝါရီ(၁၂) ရက်နေ့အထိ အသင်း(၆)သင်းတို့က (၇)ရက်တိုင်တိုင် ယှဉ်ပြိုင်ကစားခဲ့ရာ ဗိုလ်လုပွဲသို့ မိုင်းခုတ်လူငယ်FC(က)အသင်းနှင့် မိုင်းခုတ်လူငယ်FC(ခ)အသင်းတို့ တက်ရောက်လာပြီး ဗိုလ်လုယှဉ်ပြိုင်ရာတွင် ပင်နယ်တီအဆုံးအဖြတ်ဖြင့် မိုင်းခုတ်လူငယ်FC(က)အသင်းက (၃)ဂိုး(၁)ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ဆုပေးပွဲအခမ်းအနားကို နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန်က စတင်ခဲ့ရာ အကောင်းဆုံးလူငယ်အသင်းဆုအား ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနယက ဒုဗိုလ်မှူးကြီး သိန်းဇော်မိုးက လည်းကောင်း၊ ပထမဆုရရှိသော မိုင်းခုတ်လူငယ်FC(က) အသင်းအား မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်ကလည်းကောင်း၊ ဒုတိယဆုရရှိသော မိုင်းခုတ်လူငယ်FC(ခ)အသင်းအား မိုင်းခုတ်မြို့ နယ်မြေရဲစခန်းမှူး ရဲအုပ်တင်မိုးက လည်းကောင်း၊ တတိယဆုရရှိသော အ.မ.တ(၃၈၇)အသင်းအား ခ.မ.ရ (၅၇၉)မှ ဗိုလ်ကြီး ရဲမင်းထိုက်ကလည်းကောင်း၊ အကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆု၊ နှင့်အကောင်းဆုံးဂိုးသမားဆုတို့ကို သက်ဆိုင်ရာတာဝန်ရှိသူတို့က ချီးမြင့်ခဲ့ရာဆုရရှိသူများမှ အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်လွင်ဌေး(ပြန်/ဆက်)