ဒဂုံမြောက် ဖေဖော်ဝါရီလ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၄ မိနစ်အချိန်ခန့်က အမှတ်(၄၃)ရပ်ကွက်၊ စေတနာ(၄)လမ်း၊ အမှတ်(၅၀၅/က) ဦးသောင်းရွှေ၊ (၉၈)နှစ်၊ (ဘ)စိစစ်ဆဲနေအိမ်တွင် ထမင်းပေါင်းအိုးတည်ထားရာ ခလုတ်မတက်ဘဲချို့ယွင်းရာမှ မီးပလပ်ခုံအပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွန်းအောင် ဦးစီးမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီးဖြင့် ရောက်ရှိငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၄၄ မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် အုတ်ကာ၊ သွပ်မိုး(၂)ထပ်အိမ်(၁)လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်မှုကြောင့် လူတစ်ဦး မီးလောင်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိပြီး မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်အရေးယူရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
မြင့်မြင့်ရီ