ကော့ကရိတ် ဖေဖော်ဝါရီ ၁၃
မြန်မာရိုးရာ ဆယ့်နှစ်လရာသီပွဲတော်၏ တပို့တွဲလ၊ ထမနဲထိုးရာသီပွဲတော်သည် မြန်မာလူမျိုးများ၏ ချစ်စရာရိုးရာပွဲတော်ဓလေ့ဖြစ်ပြီး အစဉ်အလာမပြတ် ရိုးရာထမနဲထိုးပွဲ ကျင်းပဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ လှိုင်ဝကျေးရွာ၌ တပို့တွဲလပြည့်နေ့ နံနက် ၁၀ နာရီ အချိန်က ထမနဲထိုးပြိုင်ပွဲများ ကျင်းပပြုလုပ်ကြကြောင်း သိရသည်။
အဆိုပါ ထမနဲထိုးပြိုင်ပွဲတွင် လှိုင်ဝကျေးရွာရှိ မိန်းမကြီးများအဖွဲ့၊ မိန်းမလှများအဖွဲ့၊ ဂေါပကများအဖွဲ့၊ အပျိုလူပျိုများအဖွဲ့နှင့် ဦးသိန်းအဖွဲ့တို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပထမဆု (၃) သိန်း၊ ဒုတိယဆု (၂) သိန်း၊ တတိယဆု (၁) သိန်း၊ နှစ်သိမ့်ဆု (၅) သောင်းနှုန်းဖြင့် ပြိုင်ပွဲကျင်းပသည့် တာဝန်ရှိသူများက အသီးသီး ဆုများချီးမြှင့်ခဲ့ကြပြီး ထမနဲထိုးပြိုင်ပွဲသို့ လာရောက်ကြသည့် ဧည့်ပရိသတ်များအား မုန့်ဟင်းခါးများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)