နတ်မောက် ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)ရှိ ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့သည်။ အဆိုပါလက်ကမ်းစာစောင်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉ ခုနှစ်) ဥပဒေပုဒ်မ ၁၀၁ (ခ)၊ ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ (၂၀၁၉ခုနှစ်) ဥပဒေပုဒ်မ ၁၀၃၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရည်မှန်းချက်(၆)ရပ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ(၂၀၁၉ ခုနှစ်) ဥပဒေပုဒ်မ (ခ)(၁)၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉ ခုနှစ်) ဥပဒေပုဒ်မ ၁၀၂၊ ကလေး၊ လူရွယ်၊ လူငယ်၏ အဓိပ္ပာယ်ဖော်ပြချက် စသည့်အသိပညာပေးအကြောင်းအရာများ ဝေဝေဆာဆာဖော်ပြပါရှိပြီး ကျောင်းသား/သူများဖတ်ရှု၍ အသိပညာဗဟုသုတရရှိစေရန် ရုံးဝန်ထမ်းများက လိုက်လံဖြန့်ဝေပေးခဲ့သည်။
လှဝင်း