မိုင်းပန်မြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

မိုင်းပန် ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စုပေါင်းတန်းစီကွင်း၌ ယမန်နေ့ညနေ ၃ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်စွာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်နှင့် အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့နှင့် အထွေထွေကြီးကြပ်ရေးအဖွဲ့တို့မှ ပြိုင်ပွဲဝင်အဖွဲ့များအား ခင်းကျင်းပြသထားမှု၊ သန့်ရှင်းသပ်ရပ်မှုများ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး  မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ စတင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲယှဉ်ပြိုင်ယှဉ်စဉ်အတွင်းတွင် ပြိုင်ပွဲဝင်အဖွဲ့များမှ အိုးစည်၊ ဒိုးပတ်/သီချင်းတို့ဖြင့် ဖျော်ဖြေတီးခတ်ခဲ့ကြပြီး  ပြိုင်ပွဲဝင်အဖွဲ့များက ပျော်ပျော်ရွှင်ရွှင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအပြီးတွင် အမှတ်ပေးဒိုင်လူကြီးများများက ကြည့်ရှုစစ်ဆေးအကဲဖြတ် အမှတ်ပေးခဲ့ကြပြီး အမှတ်(၃၃၂) ခြေမြန်တပ်ရင်းမှ ပထမဆု၊ အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယဆုနှင့် အမှတ်(၃၈၅) အမြောက်တပ်ရင်းမှ တတိယဆုအသီးသီးဆွတ်ခူးရရှိခဲ့ကြပြီး သက်ဆိုင်ရာဝာာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)