မိုးနဲမြို့နယ်၌ တပို့တွဲလပြည့်နေ့ ဘုရားမီးပုံပူဇော်ပွဲသို့ လာရောက်သူများနှင့် စည်ကား

မိုးနဲ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ တပို့တွဲလပြည့်နေ့ ဗုဒ္ဓမြတ်စွာဘုရားအား ရည်မြော်၍ ဘုရားမီလှုံပူဇော်ခြင်းကိုနှစ်စဉ် မြို့နယ်အတွင်းရှိ ဘုရား၊ စေတီများ၌ ကျင်းပဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ ဘုရားမီးလှုံပူဇော်ခြင်းကို မြို့နယ်အတွင်းရှိ ဘုရား၊ စေတီကျောင်းတိုက်ဆရာတော်များနှင့် ရဟန်းသံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများက ငါးပါးသီလဆောက်တည်ခြင်းများ ဆောင်ရွက်ပြီး ဘုရားမီးပူဇော်ရာကျောင်းတိုက်များသို့ စုဆောင်းထားသော ထင်းဖြူများအား စေတီပုံတည်ရှိရာနေရာသို့ ယူဆောင်၍ မီးပူဇော်ခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ဘုရားမီးလှုံပူဇော်ပွဲကို ရိုးရာဓလေ့အစဉ်အလာအတိုင်း နှစ်စဉ်တပို့တွဲလပြည့် နေ့ကျရောက်တိုင်း စည်ကားသိုက်မြိုက်စွာ ပူဇော်ကြကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)