သံတောင်ကြီးမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားနှင့်သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

သံတောင်ကြီး ဖေဖော်ဝါရီ ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့၊ နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီ အချိန်က သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနား စတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဦးဆောင်၍ တက်ရောက်လာသည့်ဌာနဆိုင်ရာများ၊  ကျောင်းဆရာ/ ဆရာမ ဒေသခံပြည်သူများက ကျဆုံးနေပြီးသော အာဇာနည်‌ခေါင်းဆောင်ကြီးများ အလေးပြုခြင်းနှင့် နိုင်ငံတော်အလံအား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သူတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၇၈) မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများ ကျောင်းဆရာ/ ဆရာမများ၊ ဒေသခံပြည်သူများအား နံနက်စာလက်ဖက်ရည်နှင့်မုန့်များကို ကျွေးမွေးခဲ့ကြောင်း သိရသည်။

နော်နော်မူ