ကျွန်းလှ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ရွာသီကျေးရွာအုပ်စု၊ ဘိုကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သော ရေသန့်စက်တပ်ဆင်ခြင်းကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျွန်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တဦးစီးမှူး ဦးရဲကိုဝင်းနှင့် တာဝန်ရှိသူများက ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့သည်။
အဆိုပါ ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရန်ပုံငွေကျပ် ၁၅ ဒသမ ၀၀ သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် ၂ ဒသမ ၅၅ သန်း၊ စုစုပေါင်း ၁၇ ဒသမ ၅၅ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးကြီးကြပ်ပြီး ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ရာ (၇၅) ရာခိုင်နှုန်းပြီးစီးကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)