ချမ်းအေးသာစံ ဖေဖော်ဝါရီ ၁၄
မန္တလေးပညာရေးဒီဂရီကောလိပ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါ ဒီဂရီကောလိပ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် အားကစားပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများမှ ပန်းပွားအက၊ Fitnes Dance ဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မဟာအောင်မြေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကျောင်းအုပ်ဆရာမကြီးက ကျောင်းတွင်း အားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၆ မျိုးအား အားကစားနည်းအလိုက် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုတံဆိပ်များကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်