ပြည်ကြီးတံခွန်မြို့နယ်၊ နှင်းထက်အောင် ကိုယ်ပိုင်ကျောင်းတွင် စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေးဟောပြောပွဲနှင့် ကလေးအလုပ် သမားပပျောက်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ

ပြည်ကြီးတံခွန် ဖေဖော်ဝါရီ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ နှင်းထက်အောင်ကိုယ်ပိုင်ကျောင်းတွင် စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်း အသိ ပညာပေးဟောပြောပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ကိုယ်ပိုင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် နှင်းထက်‌အောင်ကိုယ်ပိုင်ကျောင်းရှိ ကျောင်းအုပ်ဆရာကြီး ဦးသိန်းထူးက ကျောင်းသား/ကျောင်းသူများအား ကျောင်းစာသာမက ပြင်ပဗဟုသုတဖြစ်သော စာကောင်းပေမွန်များကို နေ့စဉ်မပြတ်ဖတ်ရှုသွားဖို့လိုကြောင်း၊ စာဖတ်‌သော လူမျိုးသည်ကြီးမြတ်‌သော လူမျိုးဖြစ်ကြောင်းနှင့် စာပေကိုစိတ်ဝင်စားစွာ ဖတ်ရှုကြဖို့  တိုက်တွန်းမှာကြားလိုကြောင်း၊ မန္တ‌လေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က စာပေဗဟုသုတ ကြွယ်ဝဖို့ လူတိုင်းစာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့် အကျယ်တဝင့် ဟောပြောပေးသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ နှင်းထက်အောင်ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြပြီး ကလေးအလုပ်သမား ပပျောက်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)