ဟုမ္မလင်း ဇူလိုင် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ ချင်းတွင်းမြစ်အတွင်း ဖလက်ခွန်ကုန်တင်ရေယာဉ်များ အဆင်ပြေချောမွေ့စွာဆိုက်ကပ်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီတွင် ဟုမ္မလင်းဆိပ်ကမ်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူး သန်းဌေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့ ရဲမှူး မျိုးဦး၊ ခရိုင်လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ဖလက်ခွန်များ အဆင်ပြေစွာဆိုက်ကပ်နိုင်ရေးအတွက် ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ကမ်းကပ် ဆိပ်ကမ်း(၇) ဆိပ်ကမ်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဟုမ္မလင်း( ပြန်/ဆက်)