ကျောင်းကုန်းမြို့၌ ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား One  Health Approach ဖြင့် ဆောင်ရွက်ရေး အသိပေးဆွေးနွေး

ကျောင်းကုန်း  ဇူလိုင်  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဒေါ်သန်းတင်ခန်းမ၌ ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား One  Health  Approachဖြင့်ဆောင်ရွက်ရေး အသိပေးဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စန်းစန်းမိုးက ခွေးကိုက်မှုဖြစ်စဉ် လျော့နည်းစေရေးနှင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှု ကူးစက်ရောဂါလက္ခဏာများအကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး (တာဝန်ခံ) ဦးမျိုးမြင့်ဦးက "ခွေးရူးရောဂါဖယ်ရှားရေး၊ ကာကွယ်ဆေးထိုးကာပညာပေး" ဆောင်ပုဒ်နှင့် ခွေးရူးရောဂါအကြောင်း၊ ကာကွယ်မှုများအား ရှင်းလင်းပြောကြားပြီး၊ တက်ရောက်လာသော ဌာနဆိုင်ရာများက ဆက်လက်အကောင်အထည်ဖော်မည့်လုပ်ငန်းများအား ဝိုင်းဝန်းဆွေး‌နွေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)