ဒေါပုံမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် အခွန်ဆိုင်ရာပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ဒေါပုံ ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် အခွန်ဆိုင်ရာပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင် ၉ ရက် နံနက် (၁၀)နာရီအချိန်က ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်မှူးရုံး၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဒေါပုံမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ဦးစီးဌာနမှူး ဦးကျော်မျိုးထွေးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် အခွန်ဆိုင်ရာပညာပေးအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့သို့ဆွေးနွေးရာတွင် အခွန်အမျိုးအစားခြောက်မျိုး၊ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် လိုက်နာရမည့်အချက်များ၊ အခွန်ပျက်ကွက်မှုများအတွက် ပြစ်ဒဏ်များ စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် အခွန်ထမ်းလုပ်ငန်းရှင် ပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)