မောက်မယ် ဇူလိုင် ၁၁
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) ရှိ ကျောင်းသားကျောင်းသူများအား မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် မီးလောင်မှုမီးလန့်မှုဖြစ်ပွားပါက လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးလောင်ကျွမ်းမှု၊ မီးလန့်မှုများဖြစ်ပွားလာပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန်အတွက် DCP မီးသတ်ဆေးဗူးကိုင်တွယ်အသုံးပြုပုံ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရန် ရှောင်ရန်အချက်အလက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်အလက်များနှင့် နည်းပညာများကို ပရိုဂျက်တာဖြင့် အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်ပြီး ကျောင်းဝန်းအတွင်း၌ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကျောင်းသား ကျောင်းသူများ လိုက်နာဆောင်ရွက်ရမည့်အချက်အလက်ပုံစံများကို၊ မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)