စစ်ကိုင်းမြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများအား Urea ဓါတ်မြေသြဇာနှင့် မျိုးစေ့သိုလှောင်အိတ်များ ပေးအပ်

စစ်ကိုင်း ဇူလိုင် ၁

စစ်ကိုင်းမြို့နယ်တွင် Quick Inpact Project (QIP) အစီအစဉ်မှ ဝါမျိုးစေ့ ထောက်ပံ့ထားသော ဝါစိုက်တောင်သူများအား Urea ဓါတ်မြေသြဇာနှင့် မျိုးစေ့သိုလှောင်အိတ်များပေး အပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၊ မြတ်ဇေယျာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသန့်အောင်နှင့် တာဝန်ရှိသူ များက စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူ (၁၅၀) ဦးအား Urea ဓါတ်မြေသြဇာအိတ် (၁၉၆) အိတ်နှင့် မျိုးစေ့သိုလှောင်အိတ် (၁၃၀၀) အိတ်တို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။        

နေလင်းအောင်(ပြန်/ဆက်)