ပျော်ဘွယ် ဇူလိုင် ၁၁
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေးအသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေး ဆိုင်ရာများစစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်း၊ ကွင်းဆင်းကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၀ ရက်၊ မွန်းလွဲ ၁ နာရီက ပြည်သာယာရပ်ကွက်အခြေခံပညာမူလတန်းကျောင်းတွင်လည်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းမျာ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာန(RHC)၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(SC)တို့မှ ဝန်ထမ်းများစုပေါင်း၍ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ သွားနှင့်ခံတွင်းရောဂါများစစ်ဆေးကုသပေးခြင်း၊ မျက်စိရောဂါနှင့်ပတ်သက်သည့် အမြင်အာရုံအားနည်းမှုရောဂါများ စစ်ဆေးပေးခြင်း၊ လိုအပ်သောအကြံဉာဏ်များပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)