ကျွန်းလှမြို့နယ်၌ ဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

ကျွန်းလှ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို ဇူလိုင် ၁၁ ရက်နေ့ နံနက်ပိုင်းက ရှမ်းစုကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပသည်။

ဦးစွာ ကန့်ဘလူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ဇော်ဦးက အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးစိုးခိုင်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြား၍ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာလာဝင်းက သင်အထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။

အဆိုပါသင်တန်းသို့ ကျွန်းလှမြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသူ (၂၀) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇူလိုင် ၁၁ ရက်မှ ၁၅ ရက်နေ့အထိ စာတွေ့ လက်တွေ့သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ