သတင်းများ

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့သို့ ဌာနဆိုင်ရာဝန်ထမ်းများ ရောက်ရှိ ဒေသခံများ ကြိုဆို
Jul 11,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့သို့ တာဝန်ထမ်း‌ဆောင်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများ ဇူလိုင် ၁၀ ရက် မွန်းလွဲပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်ရှိ အ.ထ.က (ထိန်တော)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Jul 11,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ကာ ဇူလိုင် ၁၀ ရက်၊ နံနက် ၁၀ နာရီက ထိန်တောကျေးရွာအုပ်စုရှိ အ.ထ.က(ထိန်တော)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့ အမှတ် ( ၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 11,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်း‌ဝေးရေး အသိပညာပေး ဟောပြော
Jul 11,2026
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အမှတ်(၉) ယာဥ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရန်ကုန်-မြောက်)၊ အမှတ်(၆၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ကျောင်းသား၊ ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် (၁:၀၀)နာရီက အမှတ်(၈) အခြေခံပညာအထက်အတန်းကျောင်း ဟောခန်းမ၌ ပြုလုပ်သည်။
ညောင်ဦးမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း (အမျိုးသား)ဘောလုံးပြိုင်ပွဲ ကျင်းပ
Jul 11,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲကို ဇူလိုင် ၁၀ ရက်၊ ညနေ ၃ နာရီခွဲက ညောင်ဦးခရိုင် ပြည်သူ့အားကစားကွင်းတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အထက (ဘယ်လင်း) ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 11,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူလူငယ်များ အသိလိမ်မာတိုးပွားစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ အတတ်ပညာများ တိုးပွားစေရေး၊  နိုင်ငံ‌တော်အတွက် အကျိုးပြုနိုင်‌သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ပေါ်ထွန်းလာစေရေးတို့ကိုရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်‌ရေးလူငယ်ရေး‌ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီချိန်က ဘယ်လင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ဘယ်လင်း) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်
Jul 11,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေအတွက် နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျသည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ရာ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများ ဆင်သေရေလွှဲဆည်အသစ် တည်ဆောက်နေမှုလုပ်ငန်းခွင်သို့ ရောက်ရှိကာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ရေးဦးစီးဌာန၊ တည်ဆောက်ရေး (၅)မှ ညွှန်ကြားရေးမှူး ဦးသာယာက ဆင်သေရေလွှဲဆည်အသစ်တည်နေရာ၊ ရေဝပ်ဧရိယာ၊ ရေလျှံထိန်းတာပေါင်၊ ရေထိန်းတံခါးနှင့်အထွေထွေလုပ်ငန်းများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်က တင်ပြမှုများနှင့်စပ်လျဉ်း၍ လုပ်ငန်းအခက်အခဲများ မဖြစ်ပေါ်စေရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရေး မှာကြားခဲ့သည်။
သာယာဝတီမြို့နယ်၌ ပဲကြော်မျိုးစုံလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jul 11,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပဲကြော်မျိုးစုံလုပ်ငန်းများ လက်လီလက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကိုသာယာဝတီခရိုင် စားအုန်းဆီ​ဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။