ချောက်မြို့တွင် အသက်​မွေးဝမ်း​ကျောင်း အ​ထောက်အကူပြု အ​ခြေခံစက်ချုပ်သင်တန်း သင်တန်းဖွင့်

ချောက်  ဇွန်  ၁

မ​ကွေးတိုင်း​ဒေသကြီး​ ချောက်မြို့နယ်​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ဦး​ဆောင်ဖွင့်လှစ် သည့် အသက်​မွေးဝမ်း​ကျောင်း အ​ထောက်အကူပြုသင်တန်း အ​ခြေခံစက်ချုပ်ပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၁)ခုနှစ်သင်တန်းဖွင့်ပွဲကို သစ်တိုကန်​ကျေးရွာအုပ်စု ဓမ္မာရုံ၌ ယနေ့ နံနက်၁၀ နာရီအချိန် ကကျင်းပသည်။

 

ရှေးဦးစွာ​ချောက်မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ဦးစီးမှူး​ဒေါ်​မေသက်နိုင်က ​သင်တန်းသူ ကျေးလက်​နေပြည်သူများ  မိသားစုစားဝတ်​နေ​ရေး အ​ထောက်အကူဖြစ်​စေရန် တစ်နိုင် တစ်ပိုင်လုပ်ကိုင်နိုင်ရန ်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်​ပေးခြင်းဖြစ်​ကြောင်း သင်တန်းဆရာမ၏ သင်ကြား ပြသမှု​ သေချာစွာလိုက်နာမှတ်သားကြပါရန်ဦးစွာ​ပြောကြားသည်။

သင်တန်းသို့ ​သစ်တိုကန်ကျေးရွာမှ ၂၀ ဦး၊​စန်းကန်ကျေးရွာမှ၁၃ဦး၊ ဆူးတပ်ကျေးရွာမှ ၁၂ဦး၊ သင်တန်း သူစုစု​ပေါင်း ၄၅ ဦးတက်​ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ၂၁ရက်ကြာမြင့်မည်ဖြစ်​ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲသို့ ချောက်မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ဦးစီးမှူး​ဒေါ်​မေသက်နိုင် နှင့်ဝန်ထမ်းများသစ်တိုကန်​ကျေးရွာအုပ်ချုပ်​ရေးမှူးနှင့်ကျေးရွာ​နေပြည်သူများတက်​ရောက်ခဲ့ ကြောင်းသိရသည်။                                ​

ကျော်မိုး