မင်းလှမြို့နယ်၌၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

အထက်မင်းလှ    ဇွန်   ၁
         

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် မြို့နယ် အတွင်းရှိအခြေခံ ပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လျက်ရှိရာကျောင်းသား/ကျောင်းသူများ ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။


မင်းလှမြို့နယ်၌ ကျောင်းများစတင်ဖွင့်လှစ်ရာတွင်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းအတွင်း၌လက်ဆေးဘေစင်များထားရှိပေးခြင်း၊ ကိုယ်အပူချိန်တိုင်း ပေးခြင်းတို့ကိုဆရာ/ဆရာမများက ဆောင်ရွက်ပြီး၊ ကျောင်းသား/ ကျောင်းသူများ ကိုလည်း နှာခေါင်းစည်း(Mask)နှင့်Face Shield တပ်ဆင်စေရန် ဆောင်ရွက် ပေးထားကြောင်း သိရသည်။
         

မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း  ၁၆၀ရှိပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်ဇွန်လ ၁ ရက် နေ့  တွင်ကျောင်းများစတင်ဖွင့်လှစ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ အမှတ် (၁၃)ကာကွယ်ရေး ပစ္စည်းစက်ရုံမှ ဗိုလ်မှူးကြီး ဇော်ထွန်းဦး၊မြို့နယ် ပညာရေးမှူး ဦးဇော်ဝင်း တို့ပူးပေါင်းအဖွဲ့က မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။


ဇာဇာ(အထက်မင်းလှ)