မုဒုံမြို့နယ်အတွင်းရှိ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

မုဒုံ ဇွန် ၁

မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ အတွက်၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်းကို ယနေ့ နံနက်၉နာရီခွဲက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီစနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။

တောင်သူများလယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရာတွင်အဆင်ပြေစေရန်အတွက်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို လယ်တစ် ဧကလျှင် ငွေကျပ်၁၅၀၀၀၀နှုန်းဖြင့်မုဒုံမြို့နယ်၊ အခွန်ကျေးရွာအုပ်စု အတွင်းမ ှတောင်သူ၃၃ဦးအတွက်ချေးငွေစုစုပေါင်း (၃၃၃) သိန်းကျပ်အတိုးနှုန်း(၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ပြီး မုဒုံမြို့နယ်အတွင်းရှိ ကျန်ရှိ‌ကျေးရွာအုပ်စုများကိုလည်း စက်တင်ဘာလ ကုန်အတွင်း ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါချေးငွေထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေး လျက် ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမြို့နယ်မန်နေဂျာထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)